မဲဆောက်တွင် မြန်မာဘက်ပို့မည့် စစ်လက်နက်များ ဖမ်းမိ 

July 10,2024

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ထဲမှာ မြန်မာဘက်ခြမ်းက တော်လှန်ရေးအဖွဲ့ ထံပို့ဆောင်မယ့် စစ်လက်နက်တွေ ဖမ်းဆီးရမိတယ်လို့ AEC အာဆီယံထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်က နယ်စပ်လုံခြုံရေးပူးပေါင်းအဖွဲ့ဝင်တွေဟာ မဲဆောက်မြို့နယ် လမောအုပ်စု ဘန့်ဟွေ့ယာအုရွာရှိ စစ်ဆေးရေးဂိတ်မှာ ယာဉ်အသွားအလာတွေ စောင့်ကြပ်စစ် ဆေးစဉ် အီဇူးစူးဟိုင်းလပ်စ်ကား ၁ စီးကိုပါ တားဆီးခဲ့တယ်၊ ယာဉ်မောင်းမှာ အသက် ၂၃ နှစ်ရွယ် နိုင်းယုဒ်ဆိုသူ ထိုင်းလူငယ်တဦးဖြစ်ပြီး မျက်နှာမှာ မသင်္ကာဘွယ်တွေ့ရတာကြောင့် သူ့ကားကိုပါ သေချာစစ်ဆေးခဲ့တယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။    

အဲဒီနောက်ကားနောက်ခန်းမှာ ဝှက်ပြီးသယ်လာတဲ့ စစ်လက်နက်တွေ တွေ့ရှိတယ်။  ၅ ဒဿမ ၅၆ အမ်အမ် သေနတ်ဒင် ၊ မောင်းခလုတ် ၊ သေနတ်ပြောင်း ၊ ကျည်ကပ် အစရှိ အမ် – ၄ အော်တို မစ်တစ်ရိုင်ဖယ်သေနတ်ပေါင်း ၂၀ လက်ရဲ့ အစိပ်အပိုင်းတွေ ပါရှိတယ်လို့ ဆိုပါတယ်။ 

နိုင်းယုဒ်က အဆိုပါလက်နက်တွေဟာ  နိုင်းတိုးဆိုသူ မြန်မာအသိတယောက်က နခွန်းပထုန်ခရိုင် ဘန်လင်းမြို့ကနေ သွားသယ်လာခိုင်းတာဖြစ်ကြောင်း၊ ပစ္စည်းတွေ မဲဆောက်ရောက်ရင် ဘတ် ၂၀၀၀၀ ပေးမယ်၊ အဲဒီပစ္စည်းတွေ ရယူဖို့ နိုင်းအွပ်ဖ်ဆိုသူ ထိုင်းတယောက်ရဲ့ ဖုန်းနံပါ တ်ပို့ပေးတယ်၊ သူဟာ ဘန်လင်းမြို့ရောက်တဲ့အခါ နိုင်းအွဖ်က အဆိုပါပစ္စည်းတွေကို လွှဲပေးခဲ့တာလို့ ဝန်ခံသွားပါတယ်။ 

တာဝန်ရှိသူတွေက နိုင်းယုဒ်ကို ဖဝေါနယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားပြီး တရားမဝင် လက်နက်သယ်ဆောင်မှုနဲ့ အရေးယူသွားမှာဖြစ်ပြီး ကွင်းဆက်တွေကိုလည်း ဆက်လက်စုံစမ်းဖ မ်းဆီးသွားမယ်လို့ တာဝန်ရှိသူက ပြောသွားပါတယ်။